အဖြည့်ခံ

Posted in

အမွှေးတိုင်လေး၊ ခန္ဓာပေး၍
ပြာဖွေးဖွေးသာ၊ ကျန်တော့ရှာသည်
မွှေးကာကြိုင်သင်း လှိုင်စေဖို့....။

ဖယောင်းတိုင်လေး၊ ခန္ဓာပေး၍
ရေလေးသာကျန်၊ ပေးဆပ်ပြန်သည်
မှောင်ယံခွင်းကာ လင်းစေဖို့........။

ထင်းတုန်းကလေး၊ ခန္ဓာပေး၍
မီးသွေးဘ၀၊ ခံယူရသည်
ဆန်မှ ထမင်းဖြစ်စေဖို့..........။

မပြည့်စုံခြင်း၊ ဘ၀တွင်းကို
ခုန်ဆင်းပါနဲ့၊ မောင်ချစ်တဲ့သူ
ထားခဲ့ပါလေ၊ အလွမ်းတွေကြောင့်
မောင်သေတဲ့ထိ၊ ခံစားရှိစေ
ချစ်သည့်သူလေး ချမ်းသာဖို့....။